Advertisements

Admin

ကိုယ်လုံးတီး ဥယျာဉ် တရားဝင် ဖွင့်တော့မယ်

Spread the love

ပြင်သစ်နိုင်ငံမှာ သဘာဝအတိုင်း အဝတ်အစားမပါနဲ့  ဖင်ပြောင် နေထိုင်ချင်သူတွေ Nudist Association of Paris (ANP) ရဲ့  ဖိအားပေးတောင်း ဆိုမှုတွေ များပြား လာနေတော့ အာဏာပိုင်တွေလည်း နောက်ဆုံးမှာ ကိုယ်လုံးတီး ဥယျာဉ် nudist park အတွက် တရားဝင် နေရာစီစဉ်ပေးဘို့  သဘောတူ လိုက်ရပြီပေါ့နော်။
The Bois de Boulogne ဘွာဒီဘူလို နဲ့  and the Bois de Vincennes, ဘွာဒီဗင်စင် မြို့ စွန်ကသစ်တော ဧရိယာ နှစ်နေရာကို ဖင်ပြောင်ကြိုက်သူများ အပန်းဖြေစခန်း အဖြစ် သတ်မှတ်ပေးမယ်တဲ့။
လောလောဆယ်ဖင်ပြောင်ချစ်သူတွေ အတွက် နေရာပေးထားတာရှိတယ် အဲဒိ ရေကူးကန်မှာလည်း လူတွေကအရန်းများ ၊ ပြည့်ကြပ် နေရာမလောက်ဖြစ် လာပြီဆိုတော့ Green Party of Paris ပါတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး အဖွဲ့ က ဦးဆောင်ပြီး ဖင်ပြောင် ဥယျာဉ် လုပ်သင့်တဲ့ အဆိုကို တင်သွင်းလိုက်တယ်။ကိုယ်လုံးတီးနေခြင်းရဲ့  ကျန်းမာရေးကတဲ့ ပိုက်ဆံကုန်သက်သာစေပြီး လွတ်လွတ်လပ်လပ်ရှိတယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေလို့  အသား အရေအတွက် ကောင်းလာစေတယ် ကောတီဇုန်း ဓါတ် ကို ထိန်းညှိပေးတယ်။
ခန္ဓာကိုယ်အတွင်း ဓာတ်မတည့်တာတွေ တိုက်ဖျက်ပေးတဲ့ ကော်တီဇုန်းဓါတ် ပုံမှန်ဖြစ်စေဖို့ အဝတ်မပါပဲ အိပ်စက်ခြင်းက ကူညီပေးတယ်လို့ လည်း ဆိုတယ်။နှစ်ခြိုက်စွာ အိပ်ရတဲ့အခါ ရလာတဲ့ အကျိုးကျေးဇူးကတော့ ကိုယ်တွင်း ဟိုမုန်းဓာတ် ဖွံ့ဖြိုးလာတာတာနဲ့  လိင်မှုဘဝ သာယာစေတယ်လို့  ကိုယ်လုံးတီး ချစ်သူတွေရဲ့  ဆေးလောကကျန်းမာရေး သိကောင်းစရာတွေမှာဖေါ်ပြထားတယ်။

Credit:AungLinnaing

Advertisements